What does it mean “C”

C-School မှ C သည် သင်းတန်းသူ၊ သင်တန်းသားများကို သင်တန်းမှာ အဓိကထားပြီး လေ့ကျင့်ပျိုးထောင်ပေးမည့် အကြောင်းအရာ ၃ ခုကို ရည်ညွှန်းထားပါသည်။

  • Confidence မိမိကိုယ်ကို ယုံကြည်မှုရှိပြီး လုပ်ဖော်ကိုင်ဖက်အပေါ်တွင်လည်း ယုံကြည်မှုရှိစေခြင်း၊
  • Communication မိမိ၏ထင်မြင်ချက်ကို တင်ပြပြီး လုပ်ဖော်ကိုင်ဖက်၏ ထင်မြင်ချက်ကို နားလည်သဘောပေါက်ကာ အတူတူစဉ်းစား တွေးခေါ်တတ်ခြင်း၊
  • Challenges အမြင့်ဆုံးကို ရည်မှန်းပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ဘ၀ကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ခြင်း၊

အထက်ပါ ၃ ချက်မှာ ဂျပန်လူ့အဖွဲ့၌အလွန်အလေးထားသည့် အကြောင်းအရာများဖြစ်သည်။

C-School မှာ ဂျပန်စကား၊ ဂျပန်တွေရဲ့အပြုအမူ၊ ဂျပန်တွေရဲ့ယဉ်ကျေးမှု၊ အလုပ်အကိုင်အမျိုးမျိုး၏ Skills တို့ကို သင်ကြားပေးမည့်အပြင် အထက်ဖော်ပြပါ အရည်အချင်းကောင်းများကိုလည်း ပြုစုပျိုးထောင်ပေးဦးမည် ဖြစ်ပါသည်။