School Activities

သင်တန်းဆင်းပွဲအခမ်းအနား

(Aug 31, 2018)

C-school ၌ ယနေ့ သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။ ကျောင်းသားတစ်ယောက်ချင်းစီမှ ရေးသားထားသော
“ မိမိကိုယ်ကိုမိတ်ဆက်ခြင်း” အကြောင်းကိုဖတ်ပြပါသည်။
ထို့ နောက်သင်တန်းဆင်းလက်မှတ်များကို ကျောင်းသားတစ်ယောက်ချင်းစီ
ကိုကျောင်းအုပ်ဆရာကြီးမှ ချီးမြှင့်ခဲ့ပါသည်။
ပြီးနောက် ကျောင်းအုပ်ဆရာကြီးမှ (楓) カエデ ဆိုသောသီချင်းကို သင်ကြားပေးပြီး ကျောင်းသားအားလုံးနှင့် ပျော်ရွှင်စွာ သီဆိုကြပါသည်။
ပြီးနောက် နေ့ လယ်စာကို ပျော်ပျော်ပါးပါး စားသောက်ခဲ့ပြီး ဆရာ၊ဆရာမများကို လက်ဆောင်ပစ္စည်းဖြင့်ကန်တော့ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီးမှ နှုတ်ဆက်စကားဖြင့်အခမ်းအနားကိုပိတ်သိမ်းလိုက်ပါသည်။

ဂုဏ်ယူဝမ်းမြောက်ခြင်း

၂၀၁၈ခုနှစ် ၇ လပိုင်း၌ စာမေးပွဲ ဖြေဆိုထားသောကျောင်းသားများမှ N2 တစ်ယောက်နှင့်
N3နှစ်ယောက်ကိုအောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပါသည်။

အောင်မြင်အောင်ကြိုးစားပေးတဲ့ အတွက် C-school မှကျေးဇူးတင်ရှိပါတယ်။ ဒီနောက်ပိုင်းလည်း C-school မှ အောင်မြင်သည့်ကျောင်းသားများမြောက်မြားစွာမွေးထုတ်ပေးသွားမှာပါ။

အခုချိန်ထိ အတူတကွကြိုစားပေးလာသည့်အတွက် ကျေးဇူးများစွာတင်ရှိပါသည်။

 

”ဂုဏ်ယူဝမ်းမြောက်ခြင်း”

(July 26, 2017)

မင်္ဂလာပါရှင်။
ကျွန်တော်၊ကျွန်မတို့ C-School Japanese Education Centre တွင်
Medical College Program (Nurse Project) အတွက်ရွေးချယ်ထားခဲ့သောကျောင်းသူ၊ကျောင်းသားများအား မေလမှစတင်ကာဇူလိုင်လအထိ ၂ လခွဲအတွင်း N-5 Course ကိုပြီးဆုံးအောင်သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းကာလပြီးနောက် N-5 Level Test ကို N-5 Level ၏ပုံမှန်အောင်မှတ်ထက် 5% မြှင့်တင်ကာဖြေကြားစေခဲ့ပါသည်။ စာမေးပွဲရလဒ်အရ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၁၃ ဦးတွင် Grade – A ဖြင့် ၈ ဦး ၊ Grade – B ဖြင့် ၅ ဦး အောင်ြ်မင်ခဲ့ပြီး အောင်ချက် ၁၀၀ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ ယခုကဲ့သို့ အောင်မြင်အောင် အတူတကွကြိုးစားပေးခဲ့ကြပါသော ကျောင်းသူ ကျောင်းသားများအားလည်း အထူးကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

 

 

“Medical College Program” has started

(May 2, 2017)

ကျွနိုပ်တို့ C-School တွင် Nurse Project Program ကို မေလ (၂)ရက်နေ့ တွင် စတင်ခဲ့ပါသည်။ ကျောင်းသူကျောင်းသားများကို ဂျပန်စာအခြေခံမှစပြီး N2 Level ထိတိုင်အောင် သင်ကြားပေးမှာဖြစ်ပါသည်။

 

 

“Origami Event” has started

(Dec 31, 2016)

ဒီဇင်ဘာလ ၃၁ရက်တွင် Mariko Sensei မှ Origami ဂျပန်စက္ကူခေါက်နည်းကို လာရောက်သင်ကြားပြသပေးခဲ့ပါသည်။ လာရောက်ပါဝင်ကြသောကျောင်းသူ ကျောင်းသားများ အားလုံး စိတ်ပါဝင်စားစွာ ဆင်နွှဲကြတဲ့အတွက် ကျေးဇူးတင်ပါသည်။