Home

၁။ C-School ကို တည်ထောင်ရခြင်း၏ အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များ

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၌ရှိကြသည့် လူငယ် များသည်လည်း ကိုယ့်နိုင်ငံကို ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်စေဖို့ ကြိုးစားနေကြပါသည်။ မျိုးဆက်သစ် လူငယ်များက နိုင်ငံရပ်ခြားကိုသွားကာ ပညာရပ်အမျိုးမျိုးကို သင်ယူပြီး ကိုယ့်နိုင်ငံတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်ရန်အားထုတ် နေကြပါသည်။

အမှန်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံမှာပွင့်လင်းမြင်သာသည့်နိုင်ငံဟု ပြောနိုင်သော်လည်း ခက်ခဲဦးမည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။ ကြိုးစားချင်စိတ် ရှိကြသော်လည်း စီးပွားရေးနှင့် ဆိုင်သည့် မျှော်လင့်ချက်များကအာမခံချက်မရှိသေးပါ။ ဤနိုင်ငံမှာ ယခုမှစ၍ ပိုမို ပွင့်လင်းလာနိုင်သော်လည်း များပြားလှသည့် လူငယ်များအတွက် ထိုအခွင့်အရေးများမှာ လက်လှမ်းမမီနိုင်သေးပါ။ ဤအချက်များမှာ မြန်မာနိုင်ငံ၏လက်ရှိ အခြေအနေများပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားအများစုမှာ ကြိုးစားကြပါသည်။ ကြင်နာတတ်ကြသည်။ မိမိပတ်ဝန်းကျင်ရှိ သူများ နှင့်လည်း မျှဝေခံစားတတ်ကြသည်။ ၄င်းအပြင် မိမိကိုယ်ကို နှိမ့်ချပြီးနေသူများ ဖြစ်ကြပါသည်။

ယခုအခါ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝသူများကို ဖော်ထုတ်ပြီး အာရှမှာ ဂုဏ်ယူစရာကောင်းသည့် နိုင်ငံသားများကိုလည်း မွေးထုတ်ပေးနေပါသည်။ စီးပွားရေးအရ ရေရေရာရာ မပြောနိုင်သေးသော်လည်း အလားအလာကောင်းသည့် နိုင်ငံတစ်ခုဖြစ်သည်ဟု ထင်မိပါသည်။

ဤနိုင်ငံမှလူငယ်များကိုဂျပန်ဘာသာစကားနှင့် ဂျပန်လူမျိုးများ၏လုပ်ငန်းအသီးသီးဆိုင်ရာ အတတ်ပညာများကို ပူးတွဲ သင်ကြားပေးပြီး ဂျပန်မြန်မာ တိုးတက်ရေးကို ရည်မှန်းကာ လက်တွဲလျှောက်လှမ်းသွားမည်ဟု လေးလေးနက်နက်စဉ်းစားပြီး ကျွန်တော်တို့ကျောင်းကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ပထမဆုံးဦးစားပေးအနေဖြင့် ပညာရေးကို စဉ်းစားပါသည်။ လုံလောက်သည့် ပညာရေးကို သင်ကြားတတ်မြောက်ပြီဆိုလျှင် အချင်းချင်း နားလည်မှုခိုင်မာသည့် အပြန်အလှန် ကူညီမှုများကို ဖန်တီးပေးနိုင်လာမည်ဟု ယုံကြည်ပါသည်။ ဂျပန်နိုင်ငံကို စိတ်ဝင်စားသည့် လူငယ်များအား ဂျပန်ဘာသာစကားနှင့် ဂျပန်ယဉ်ကျေးမှုကို ဦးစွာပထမ သင်ကြားပေးမည် ဖြစ်ပါသည်။

ဂျပန်လူမျိုးများ လိုက်နာကျင့်သုံးနေသည့် စည်းကမ်းစည်းမျှဉ်းများ၊ ယဉ်ကျေးသိမ်မွေ့

သည့်ဝန်ဆောင်မှုအရည်အသွေးများမှာ နိုင်ငံတကာ၌လည်း အဆင့်အတန်းရှိသည်ဟု သတ်မှတ်ခြင်းခံရသည့် အရာများပင်ဖြစ်သည်။

ကျွန်တော်တို့ကျောင်း၌ ဂျပန်ဘာသာစကားကို သင်ကြားပေးမည့်အပြင် အထက်တွင်ဖော်

ပြခဲ့သည့်ဂျပန်ယဉ်ကျေးမှုများကိုလည်းသဘောပေါက်နားလည်သည်အထိ သင်ကြားပြသပေးမည် ဖြစ်ပါသည်။

ရည်မှန်းချက်များ ကိုယ်စီရှိကြသည့် ကျွန်တော်တို့ကျောင်းမှ သင်တန်းသူ/ သင်တန်းသားများကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်သာမကာ အခြားနိုင်ငံများ၌လည်း ထူးချွန်သည့်သူများဖြစ်လာသည့်အထိ ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။

၂။ ဂျပန်စကားကိုသင်ယူလျှက် ကျောင်းမှချမှတ်ထားသော ဂျပန်များ၏လုပ်ငန်းခွင်သုံး စည်းကမ်းများကိုပါ သင်ယူနိုင်မည့် စနစ်တစ်ခုကို ပျိုးထောင်ခြင်း

ဂျပန်နိုင်ငံရှိကုမ္ပဏီများနှင့်လုပ်ငန်းများ၏စည်းကမ်းများကိုသင်တန်းသူ/ သင်တန်းသားများ လိုက်နာကျင့်သုံးနိုင်စေရန် ကျောင်းစည်းကမ်းများကိုလည်း ၎င်းစည်းကမ်းများအတိုင်း သတ်မှတ်ကာ လိုက်နာကျင့်သုံးစေပါသည်။

ကျောင်းစည်းကမ်းများကိုလည်း အသေးစိတ် စီမံထားကာ ၎င်းစည်းကမ်းများကို လိုက်နာမှု

ရှိ/ မရှိ စစ်ဆေးအကဲဖြတ်ပါသည်။ ၎င်းစည်းကမ်းကို လိုက်နာနိုင်မှု၊ သဘောပေါက် နားလည်နိုင်မှုများမှာ ဂျပန်ကုမ္ပဏီများ၌ အလုပ်လုပ်မည့် သင်တန်းသူ/ သား များ မသိမဖြစ် သိထားရမည့် အရာများပင် ဖြစ်ပါသည်။

အထက်ဖော်ပြပါစနစ်ကို အသုံးပြုရခြင်းမှာ မြန်မာလူမျိုးများကို အခြားနိုင်ငံသားများကဲ့သို့ ထူးချွန်ပြီး အဆင့်အတန်းရှိကြသည်ဟု အလုပ်ရှင်များမှ အသိအမှတ်ပြု ယုံကြည်စေရန်အတွက် လည်း ရည်ရွယ်ပါသည်။